Category Archives: E-Books (Burmese)

If you have no Burmese font, you can download & install it at http://www.zawgyi.net .
“ မျက်နှာမှာ အိုးမည်းတွေ လူးပေနေပါလျက်နဲ့ အခမ်းအနားပွဲလမ်းသဘင်ဌာနသွားရင် မြင်ရတဲ့သူတွေက ရယ်ကြလိမ့်မယ်။ အဲဒီလို သွားခါနီးမှာ မြင်ရတဲ့သူက ပြောပြပေးလို့ ဆေးကြောသုတ်သင်ပြီးမှ သွားရင်တော့ သူများရယ်ဖွယ်, ကဲ့ရဲ့ဖွယ် ကင်းသွားတယ်။ ဒါကြောင့် မိမိမျက်နှာက အပြစ်ကို ပြောတဲ့သူအပေါ်မှာ ကျေးဇူးတင်စရာပါပဲ။       အဲဒါလိုပင် မိမိမှာ    ချို့ယွင်းနေတာကို သူတပါးက ပြောလို့ရှိရင် အဲဒီလို ပြောတဲ့သူကို ကျေးဇူးတင်စရာပဲ။ ဒါကြောင့် ဆရာကဖြစ်စေ, အတူနေ ပုဂ္ဂိုလ်ကဖြစ်စေ, မိဘတို့ ညီအစ်ကိုမောင်နှစ်မတို့ကဖြစ်စေ ချို့ယွင်းချက်ကိုပြောရင် အဲဒီလိုပြောဆိုတာကို ၀မ်းမြောက် ၀မ်းသာနဲ့ လက်ခံပြီး ပြုပြင်သွားဖို့ လိုပါတယ်။ ” (မဟာစည်ဆရာတော်ဘုရားကြီး)