မေတ္တာပုဗ္ဗဘာဂတရား(၁၅)ပါး

 

(မေတ္တာမပို့ခင် ရှေးအဘို့ကကြိုတင်ပြည့်စုံရမည့်တရား)

 ၁။ ကောင်းမြတ်သောအရာတို့ကို ကျင့်ခြင်းငှါ စွမ်းနိုင်ရမည်။
 ၂။ ဖြောင့်မတ်သောအကျင့်တရားရှိရမည်။
 ၃။ တရံတခါမျှ ကွေ့ကောက်ခြင်းမရှိဘဲ ကောင်းကောင်းကြီး ဖြောင့်မတ်ရမည်။
 ၄။ ပညာရှိတို့ ကောင်းစွာ ဆုံးမလွယ်သူ ဖြစ်ရမည်။
 ၅။ ကောင်းမြတ်သောအရာတို့၌ နူးညံ့ပြော့ပျောင်းသောသူ ဖြစ်ရမည်။
 ၆။ မာန်မာန တက်ကြွခြင်း မရှိစေရ။
 ၇။ မိမိမှာ ထင်ရှားရရှိသော ပစ္စည်းဖြင့်သာ ရောင့်ရဲတင်းတိမ် ကျေနပ်သောသူ ဖြစ်ရမည်။
 ၈။ သူတပါးတို့ စောင့်ရှောက်မွေးမြူရန်(ပြုစုရန်) လွယ်ကူသောသူ (ကြေးမများသူ) ဖြစ်ရမည်။
 ၉။ ကျင့်ဝတ်တရားအတွက် မလိုလားအပ်သည့် အပိုကိစ္စများ နည်းပါးသောသူ ဖြစ်ရမည်။
၁၀။ ပေါ့ပါးလွယ်ကူသော အသက်မွေးခြင်းရှိသူ ဖြစ်ရမည်။
၁၁။ ငြိမ်သက်တည်ကြည်သော ဣနြေ္ဒရှိသူ ဖြစ်ရမည်။
၁၂။ အပြစ်ကင်းသောအရာတို့၌ ရင့်ကျက်သော=ကောင်းစွာသိမြင်ကျွမ်းကျင်လိမ္မာသော ဥာဏ်ပညာရှိသူ ဖြစ်ရမည်။
၁၃။ ကိုယ် နှုတ် နှလုံး သုံးပါးလုံး ကြမ်းကြုတ်ခြင်း မရှိစေရ။
၁၄။ ဒါယကာ၊ဒါယိကာမတို့အပေါ်မှာ(ရဟန်းတော်များအတွက်ဆိုလိုသည်) တွယ်တာကပ်ငြိခြင်း မရှိစေရ။
  (လူပုဂ္ဂိုလ်များအတွက်ဆိုလျှင်- အပေါင်းအသင်း မိတ်ဆွေများအပေါ်မှာ တွယ်တာကပ်ငြိခြင်း မရှိစေရ။
၁၅။ ပညာရှိများ စွပ်စွဲကဲ့ရဲ့မည့် အရာမှန်လျှင် တစုံတရာ အနည်းငယ်ကိုမျှ မပြုကျင့်ရ။